ယုံကြည်ခြင်း/သည် ဝမ်းမြောက်ခြင်း/ကို ဖြစ်စေခြင်း
5
သို့ဖြစ်၍ ကျွန်ုပ်တို့/သည် ယုံကြည်/၍ ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရ/သောကြောင့် ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/လုပ်ဆောင်/ပေးခဲ့သော/အမှု/အားဖြင့် ဘုရားသခင်/နှင့် ငြိမ်းချမ်းမှု/ကို ရရှိကြပြီ။ 2 ကျွန်ုပ်တို့/၏ ယုံကြည်ခြင်း/ကြောင့် ခရစ်တော်/သည် ကျွန်ုပ်တို့/အား ယခု/ကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်/ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့/သည် ဘုရားသခင်/၏/ဘုန်းတော်/ကို မျှဝေ/ခံစား/ရန် မျှော်လင့်/၍ ဂုဏ်ယူ/ဝမ်းမြောက်ကြ၏။3 ထိုမျှ/မက ဆင်းရဲ/ဒုက္ခများ/နှင့် ကြုံတွေ့ရ/လျှင်လည်း ကျွန်ုပ်တို့/သည် ဂုဏ်ယူ/ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို/ဆင်းရဲဒုက္ခများ/သည် ကျွန်ုပ်တို့/အား သည်းခံခြင်း/ကို/လည်းကောင်း၊ 4 သည်းခံခြင်း/သည် ဘုရားသခင်/နှစ်သက်တော်မူသော/စာရိတ္တ/ကို/လည်းကောင်း၊ ဘုရားသခင်/နှစ်သက်တော်မူသော/စာရိတ္တ/သည် ကယ်တင်ခြင်း/အတွက် မျှော်လင့်ခြင်း/ကို/လည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့/သိ/သောကြောင့်/ဖြစ်၏။ 5 ဤ/မျှော်လင့်ခြင်း/သည် ကျွန်ုပ်တို့/ကို စိတ်ပျက်စေမည်/မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် ကျွန်ုပ်တို့/အား ပေးသနားတော်မူသော သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် ကျွန်ုပ်တို့/၏ စိတ်နှလုံး/ကို မိမိ/၏/မေတ္တာတော်/နှင့် ပြည့်စေတော်မူ/သောကြောင့်/ဖြစ်၏။
6 ကျွန်ုပ်တို့/အားကိုးရာမဲ့ ဖြစ်/လျက်/ရှိနေကြ/စဉ် အချိန်တန်/၍ ခရစ်တော်/သည် ဘုရားတရားမဲ့သူများ/အတွက် အသေခံတော်မူ၏။ 7 ဖြောင့်မတ်သူ/အတွက် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်း/အတွက်/မူ အသေခံဝံ့သူ ရှိကောင်း/ရှိ/လိမ့်မည်။ 8 သို့သော် ကျွန်ုပ်တို့ အပြစ်သားများ/ဖြစ်နေ/စဉ်/ကပင် ဘုရားသခင်/သည် ကျွန်ုပ်တို့/အတွက် ခရစ်တော်/ကို အသေခံ/ရန် စေလွှတ်တော်မူခြင်း/အားဖြင့် သူ/၏ ချစ်ခြင်းမေတ္တာ/ကို ကျွန်ုပ်တို့/အား သက်သေပြတော်မူ၏။ 9 ခရစ်တော်/၏ အသွေးတော်/အားဖြင့် ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရသော/ကျွန်ုပ်တို့/သည် ထို/ခရစ်တော်/အားဖြင့် ဘုရားသခင်/၏ အမျက်တော်/မှ ပို၍/ပင် ကယ်တင်ခံရ/လိမ့်မည်။ 10 ဘုရားသခင်/၏ ရန်သူ/ဖြစ်/စဉ်/ကပင် ဘုရားသခင်/၏ သားတော်/အသေခံတော်မူခြင်း/အားဖြင့် ဘုရားသခင်/နှင့် ပြန်လည်/သင့်မြတ်ခွင့်/ကို ကျွန်ုပ်တို့/ရရှိ/လျှင် ပြန်လည်/သင့်မြတ်ခွင့်/ကို ရရှိပြီးသော ကျွန်ုပ်တို့/သည် သားတော်/အသက်ရှင်ခြင်း/အားဖြင့် ပို၍/ပင် ကယ်တင်ခြင်း/ခံရ/လိမ့်မည်။
11 ထိုမျှမက ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/သည် ဘုရားသခင်/နှင့် ကျွန်ုပ်တို့/ကို ပြန်လည်/သင့်မြတ်/စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်/နှင့် ကျွန်ုပ်တို့/၏ ဆက်ဆံရေး/အသစ်/တွင် ကျွန်ုပ်တို့/ဂုဏ်ယူ/ဝမ်းမြောက်/နိုင်ကြပြီ။
အာဒံ/နှင့်/ခရစ်တော် ခြားနားချက်
12 အပြစ်/သည် လူတစ်ဦး/ကြောင့် ကမ္ဘာလောက/သို့ ဝင်လာခဲ့၏။ အပြစ်/ကြောင့် သေခြင်းတရား/ပေါ်ပေါက်လာသည်/နှင့်အညီ လူအပေါင်းတို့/သည် အပြစ်ကျူးလွန်/သောကြောင့် သေခြင်းတရား/နှင့် ရင်ဆိုင်ကြရ၏။ 13 ပညတ်တရား/မပေါ်/မီ/ကပင် လူတို့/သည် အပြစ်ကျူးလွန်ကြ၏။ သို့သော် ချိုးဖောက်စရာ ပညတ်တရား/မရှိသေး/သောကြောင့် ထို/ကျူးလွန်ခြင်း/ကို အပြစ်/ဟူ၍ မသတ်မှတ်ခဲ့ကြပေ။ 14 မည်သို့ပင်/ဖြစ်စေ အာဒံ/လက်ထက်/မှစ၍ မောရှေ/လက်ထက်/တိုင်အောင် သေခြင်းတရား/သည် အစိုးရ၏။ ဘုရားသခင်/၏/ပညတ်တော်/ကို အာဒံ/ချိုးဖောက်/၍ အပြစ်/ကျူးလွန်သည့်/နည်းတူ မကျူးလွန်ခဲ့သော/သူတို့/ပင် သေကြရ၏။ အာဒံ/သည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်/၏ နမူနာပုံ/ဖြစ်၏။ 15 သို့ရာတွင် အာဒံ/၏/အပြစ်/နှင့် ဘုရားသခင်/၏ ဆုကျေးဇူး/သည် အလွန်/ကွာခြား၏။ ဤ/လူတစ်ဦး/ဖြစ်သော အာဒံ/၏ အပြစ်/ကြောင့် လူများစွာ/သည် သေကြရ၏။ သို့သော် အခြားသူ/တစ်ဦး/ဖြစ်သော ယေရှု/ခရစ်တော်/အားဖြင့် လူများစွာ/က ရရှိသော/ဘုရားသခင်/၏/ကျေးဇူးတော်/နှင့် ခွင့်လွှတ်ခြင်း/ဟူသည့်/လက်ဆောင်/သည် ပို၍ ကြီးမား၏။ 16 ဘုရားသခင်/ပေးသနားတော်မူသော ဆုကျေးဇူး/သည် အာဒံ/ကျူးလွန်သော/အပြစ်/၏/ရလဒ်/နှင့် အလွန်/ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် အာဒံ/၏/အပြစ်/သည် ပြစ်ဒဏ်/ကိုသာ ကျခံစေပြီး ဘုရားသခင်/ပေးသော ဆုကျေးဇူး/မှာမူ ကျွန်ုပ်တို့/၌ အပြစ်/များစွာ/ရှိ/သော်လည်း ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်ကြောင်း/သတ်မှတ်ခံရစေ/သောကြောင့်/ဖြစ်၏။ 17 လူတစ်ဦး/ဖြစ်သော အာဒံ/၏/အပြစ်/ကြောင့် လူများစွာ/ကို သေခြင်းတရား/က အုပ်စိုး/လျှင် လူတစ်ဦး/ဖြစ်သော ယေရှု/ခရစ်တော်/အားဖြင့် ဘုရားသခင်/၏ ကြွယ်ဝသော/ဆုကျေးဇူးတော်/နှင့် ဖြောင့်မတ်ခြင်း/ဟူသော လက်ဆောင်/ကို လက်ခံရရှိသူ/အပေါင်းတို့/က အသက်ရှင်/လျက် ပို၍/ပင် အုပ်စိုးကြ/လိမ့်မည်။
18 သို့ဖြစ်၍ အာဒံ/၏ အပြစ်/တစ်ခု/ကြောင့် လူအပေါင်းတို့/သည် ပြစ်ဒဏ်/ချမှတ်ခံရ/သကဲ့သို့ ခရစ်တော်/၏ ဖြောင့်မတ်ခြင်း/တစ်ခု/ကြောင့် လူအပေါင်းတို့/သည် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်/ကို/ရကြ၏။ 19 လူတစ်ဦး/၏ မနာခံခြင်း/ကြောင့် လူများစွာတို့/သည် အပြစ်သားများ/အဖြစ် သတ်မှတ်ခြင်း/ခံကြရ/သကဲ့သို့ လူတစ်ဦး/၏ နာခံခြင်း/ကြောင့် လူများစွာတို့/သည် ဖြောင့်မတ်သူများ/အဖြစ် သတ်မှတ်ခြင်း/ခံကြရ၏။
20 လူတို့/အနေဖြင့် မိမိတို့/မည်မျှ/အပြစ်/များကြောင်း သိမြင်လာကြ/ရန် ဘုရားသခင်/သည် ပညတ်တရား/ကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့/ပို၍ အပြစ်ကျူးလွန်/လေ ဘုရားသခင်/၏/ကျေးဇူးတော်/သည် ပို၍ ကြွယ်ဝ/လေ/ဖြစ်၏။ 21 ဤသို့ဖြင့် အပြစ်တရား/သည် သေခြင်းတရား/အားဖြင့် အုပ်စိုးခဲ့/သကဲ့သို့ ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/အားဖြင့် ထာဝရ/အသက်/ကို ရရှိ/စေရန် ဘုရားသခင်/၏ ကျေးဇူးတော်/သည်လည်း ဖြောင့်မတ်ခြင်းတရား/အားဖြင့် အုပ်စိုးတော်မူ၏။